Sunday, March 26, 2017

ရွှေချိန်ခွင်လျှာ ဘယ်ဘက်အလေးသာမလဲ့? (သို့ မဟုတ်) သိုဟန်ဘွားနှင့် ပတ်သက်၍ သျှမ်းသုတေသီ ရှာဖွေတွေ့ ရှိချက်နှင့်အောက်သားဗမာများအမြင် ဘယ်ဟာက ပိုခိုင်လုံမလဲ့?

ကျွန်ုပ်သိသော သိုဟန်ဘွား
AD- 1526 – 1542 သိုဟန်ဘွား (ဆေဟန်ဖှ) မိုးညှင်းစောဝ်လုံ၏သား ဟုပြောလိုက် လျှင် မြန်မာစာရေး ဆရာတို့က များသောအးဖြင့် အရိုင်းအစိုင်း Full Bloode Savage (သွေးပြည့်လျှံနေတဲ့လူရိုင်း) ဟု ရေးလေ့ရှိသည်။
ဘာပဲဖြစ်ဖြစ် မှန်တကယ် သမိုင်းလေ့လာ ထောက်ရှုရပါလျှင် သျှမ်းဘုရင် သိုဟန်ဘွားသည် အင်းဝတို့ စိုးစံချိန် အင်းဝဘုရင်တို့၏ ထုံးစံအတိုင်း အင်းဝပိုင်နက်ရှိ ရဟန်းများကိုပင့်ကာ ဆွမ်းကပ်လေသည်။ ထိုအခါ အနယ်နယ်အရပ်ရပ်ရှိ ရဟန်းတော် စီးသော လှည်းများသည် အစစ်အဆေးမရှိ မြို့ထဲသို့ဝင်နိုင်လေသည်။ သိုဟန်ဘွားကို မလိုလားသော ပုန်ကန်သူများမှ ရဟန်းအဖြစ်ဟန်ဆောင်ကာ လက်နက်များ သယ်ဆောင်လာပြီး မြို့တွင်းသို့ဝင်၍ ဘုန်းကြီးကျာင်းများတွင် တည်းလေသည်။ နန်းတော်အတွင်းရှိ မိမိတို့ သွေးသောက်များကို ဆွမ်းကပ်မည့်နေရာတွင် ဓါးများကို မြုပ်ထားရန် စေခိုင်းလေသည်။ ဆွမ်းကပ်သည့် နေ့တွင် သိုဟန်ဘွားသည် အဆောင်အယောင်များဖြင့် ကြွာလာပြီး ရဟ


န်းများကိုဆွမ်းကပ်လေ၏။ ထိုအချိန်တွင် ရဟန်းယောင်ဆောင်ထားသော ဓါးသမားများမှ ရုတ်တရက် မြုပ်ထားသော ဓါးများကိုယာက သိုဟန်ဘွား အား လှမ်းခုတ်လေသည်။ သို့သော် ခုတ်မိဖြင်းမရှိဘဲ သိုဟန်ဘွား၏ ကိုယ်ရံတော် တပ်များမှ ပြန်လည်ခုခံလေရာ ကျောင်းတိုက်တွင် အလုံးလုံး အထွေးထွေးဖြစ်လေသည်။ ထိုအခါ ရဟန်း စစ်များလည်း ထိုလုပ်ကြံပွဲတွင် နှစ်ဖက်ခုတ်ပွဲကြောင့် အများအပြား ပြန်လွန်တော်မူကြောင်း သိရသည်။ သိုဟန်ဘွားလည်း ဒေါသထွက်၍ အင်းဝနယ်တွင်းရှိ ကျောင်းတိုက်များအား ၀င်ရောက် စစ်ဆေးစေပြီး ဓါးလက်နက်တွေ့သော ကျောင်းတိုက်ရှိ ရဟန်းများကို ဖမ်းစေရန် အမိန့်ထုတ်လေသည်။ ထိုအခါ အင်းဝရှိဖမ်းဆီးရမိသော ရဟန်းတော်ပေါင်း ၁၃၀၀ ကျော်ရှိရာ ၃၆၀ ခန့်ကို သုတ်သင်ခဲ့ကြောင် သိရသည်။ သိုဟန်ဘွားသည်သာ အမှန်ပင် မင်းဆိုးမင်းညစ်မှန်ခဲ့ပါလျှင် ရဟန်းတော် တစ်ပါးမျှကျန်နိုင်စရာ အကြောင်းရှိနိုင်မည်မဟုတ်ဟု ထင်မိပါသည်။ စစ်ဘုရင်တွေခေတ်က စစ်အနိုင်ရ မင်းဘုရင်တို့သည် မိမိထင်သလို လုပ်ပိုင်ခွင့်ရှိသည်။ (မြန်မာရာဇာဝင်.. ဦးဘသန်း စာအုပ်) တွင်လည်း- သိုဟန်ဘွားသည် ပြည်တောင်ငူတို့ သို့ချီ၍ သိမ်းယူမည်ဟု မင်းကြီးရန်နောင်ကို တိုင်ပင်ရာ မင်းကြီးရန်နောင်လည်း ဤမင်းတိုက်လျှင် မြန်မာနိုင်ငံဟူ၍ ရှိနိုင်တော့မည် မဟုတ်။ သျှမ်းတို့သာ မြန်မာပြည် အားလုံးကို အစိုးရတော့မည်။ ကြွင်းသည့်မြန်မာ ကြွင်းပါစေဟု အမှတ်ရှိ၍ သိုဟန်ဘွားအား ပြည်၊ တောင်ငူတို့ကို တိုက်ခိုက်ရန် မလိုတော့ကြောင်း။ အင်းဝကို ရလေပြီးသည်ကို နေ၀ံ့မည်မဟုတ် အလိုလိုပင်ညွတ်လာကြလိမ့် အကြောင်းကိုလျှောက်တင်သည်။ ပြည်မင်း တောင်ငူမင်းတို့ သို့လည်း အားမတန်သေးသည့် အခါ စော်ဘွားနှင့် ချစ်ကြည် လေးမြတ် ရှိအောင် ပြုသင့်သေးကြောင်း အတွင်းစာ စေလွှတ်သဖြင့် ပြည်မင်း၊ တောင်ငူမင်းတို့ကို ပဏ္ဏကာရများ ပို့၍စော်ဘွားနှင့် အသင့်အသင့် ဖြစ်ကြလေ၏ဟု ရေးထားသည်ကို တွေ့ရသည်။ သိုဟန်ဘွားသည်သာ အမှန်တကယ် မင်းဆိုးမင်းညစ်ဖြစ်ခဲလျှင် မည်သည့်နည်းနှင့်မဆို တောင်ငူကို ၀င်တိုက်ပြီး ရဟန်းအားလုံးကို သတ်မည် ယူဆရပါသည်။ မိုးညှင်းစောဝ်လုံနှင့်သား သိုဟန်ဘွားတို့သည် AD- 1426 – 1439 မိုင်းညှင်းမင်းတရားကြီး ( မိုးညှင်းသတိုး) တည်ခဲ့သော ဒေသခံရှမ်းနီများအခေါ် ဘုရားစန့်ခေါဖိတ် စေတီတော်အား ပြန်လည်ပြုပြင် မြေသားများလှူတန်း ခဲ့ကြောင်း မှတ်တမ်းများ အရသိရ သည်။ စန့်ခေါဖိတ်စေတီလည်း ယနေ့တိုင် မိုးညှင်းမြို့တွင်ရှိနေပါသည်။
အနော်ရထာ
AD- 1044- 1077 အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရ သဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန် သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေ သည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်း သို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် စိတ်သက်သာရာရလေသည်။
ဦးအောင်ဇေယျ
AD- 1752 – 1760 ဦးအောင်ဇေယျ (အလောင်းမင်းတရား) သည် တတိယ မြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ်ကို ထူထောင်ခဲ့သူ၊ဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သူ ပထမဆုံးမင်းဖြစ်သည်။ မြန်မာစာရေးဆရာများသည် အလောင်းဘုရားနှင့် ပတ်သက်၍ စစ်တိုက်သည်များသာ ရေးကြပြီး ရဟန်းတော်များကို သတ်ဖြတ် ခဲ့ကြောင်း ဖုံးကွယ်လေ့ရှိကြသည်။ ဦးအောင်ဇေယျသည် မွန်ရဟန်း အပါး (၃၀၀၀) ကျော်ကို ဆင်နဲ့နင်း၍ လည်းကောင်း ကုဋိမှာအလုံပိတ်ပြီး မီးနဲ့ရို့၍ သတ်ဖြတ်ခဲ့ကြောင့် မွန်မှတ်တမ်းများတွင်ရှိလေသည်။
မည်တို့ဖြစ်ဖြစ်စေကာမူ ထိုခေတ် ထိုအခါ အနိုင်ရ စစ်ဘုရင်တို့သည် မိမိ၏ အာဏာနှင့်ပါဝါကို ထိလာရင် စေတလုံးပိုင်ရှင်များသာဖြစ်ကြောင်း တင်ပြရင်း ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးတွင်လည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံ နှင့် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမူများတွင် ရဟန်းတော်များ သေဆုံးခဲ့ရသည် ကိုတွေ့ရသည်။ မည်သည့်ခေတ်မဆို အာဏာရိုးမှန်လျှင် ရဟန်းပြည်သူ ခွဲခြားလိမ့်မည်မဟုတ်ကြောင်း နောင်းလူငယ်များစေရန် တင်ပြအပ်သည်။ ကျားပေါက် စုစည်းတင်ပြသည်
မှတ်ချက်// သိုဟန်ဘွားနှင့်ပတ်သက်၍အောက်သားတို့ ရဲ့အမြင်လေးကို ဆက်လက်ဖတ်ကြည့်ပါ။ သိုဟန်ဘွား နဲ့ မင်းကြီးရန်နောင်
အင်းဝခေတ်တစ်လျှောက်လုံးတွင် နှစ်ပေါင်း (၁၉၀)တိုင် ဗမာဘုရင်တို့သည် တောင်ဖက်မှ မွန်တို့နှင့်လည်းကောင်း၊မြောက်ပိုင်းမှ မောဝ်သျှမ်းများနှင့် လည်းကောင်း စစ်ပွဲများအစဉ်အဆက် ခင်းကျင်းတိုက်ခိုက်ခဲ့ကြပြီး ရံဖန်ရံခါတွင် ရခိုင်နှင့်လည်း စစ်ပြုကြသည်။ ထိုစစ်ပွဲများ၏ ဒဏ်ချက်များကြောင့် နောက်ပိုင်းမင်းဆက်များသည် သြဇာအင်အားနည်းပါးခြင်းသို့ရောက်ကာ လက်အောက်ခံများကလည်း အသီသီးအာခံလာကြသည်မင်းကြီးစွာစော်ကဲ နဲ့ သားတော် ဘုရင်မင်းခေါင် တို့လက်ထက်က မော ရှမ်းတွေဟာ အင်းဝနေပြည်တော်ကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပေမယ့် ရမည်းသင်းစားသီလ၀ မင်းရဲကျော်စွာ တို့က ရွပ်ရွပ်ချွံချွံတွန်းလှန်နိုင် ခဲ့ကြလင့်ကစား
ရာဇ၀င်တွင် ထင်ရှားသည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင်မူ မြောက်ပိုင်းမှ မောဝ်သျှမ်းအကြီးအကဲ မိုးညှင်းစလုံနှင့် သားဖြစ်သူ သိုဟန်ဘွား တို့က တိုက်ခိုက်သဖြင့် ကာ ရွှေနန်းကျော့ရှင် ကျဆုံးပြီး အင်းဝကျလေသည်။ တစ်ထီးတစ်နန်းထူထောင်သည့် သျှမ်းမင်းသုံးပါး (သိုဟန်ဘွား၊ အုန်းဘောင်ခုံမှိုင်း မိုးဗြဲနရပတိ)တို့လက်ထဲသို့ ကျရောက်သွားသည်။ြ မန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွား လက်သို့ အင်းဝ နေပြည်တော် ကျရောက်ခဲ့သည်၊ ရှမ်းမင်း သိုဟန်ဘွားသည် ဗုဒ္ဓဘာသာဝင် မဟုတ်ချေ၊။ သိုဟန်ဘွားကား မင်းဆိုးမင်းညစ်တစ်ပါးဖြစ်ပါတယ်။ ရဟန်းတော်များကို ရန်သူသဖွယ်သဘောထားကာ နိုင်ငံတ၀ှမ်းရှိ ကျောင်းကန်ဘုရားများမှေ ကြးဆင်းတုတော်၊ ကြေးခေါင်းလောင်း၊ ကြးစည်စတာတို့ကို အဓမ္မသိမ်းပိုက် ကာ အမြှောက်ကျည်ဆံ ကျိုရာမှာအသုံးပြုခဲ့ပါတယ်။ တခါက နေပြည်တော် တ၀ှမ်းလုံးရှိ ရဟန်းတော်များကို ဆွမ်းကပ်လှူဒါန်းလိုပါသဖြင့် ဟုဆိုကာေ တာင်ဖလူပင်လယ်ပြင်မှာ တဲပြင်ကန္နား ကြီးမားစွာထိုးပြီးပင့်တော်မူ ပါတယ်။ မဏ္ဏပ်ကိုစစ်တပ်ဖြင့် ၀န်းရံထားစေပါတယ်။ သံဃာတော်များက ဘာပြုလို့စစ်တပ်ကြီးနဲ့ဝိုင်းထားရသလဲ ဟုမေးတဲ့အခါ စစ်အင်္ဂါလေးပါးနဲ့ ခင်းကျင်းကြည်ညိုချင်လို့ပါဘုရားလို့ လျှောက်တင်တဲ့အတွက် သံဃာေ တ်ာများဟာ စိတ်ချလက်ချ ဘုန်းပေးတော်မူကြပါတယ်။ ဆွမ်းဘုန်းပေး
နေစဉ်အတွင်းမှာပဲ စစ်တပ်အား သံဃာတော်များအား သတ်ရန်အမိန့် ပေးခဲ့ပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။ စုစုပေါင်း သံဃာ ၃၆၀ ကျော်ပျံလွန်တော်မူ ရာ ကျမ်းတတ်အကျော် သုံးကျိပ်ကျော်လည်း ပါဝင်ခဲ့ပါတယ်။ သာသနာေ တ်ာတင်မက လူတို့အားလည်း ညှင်းပန်းနှိပ်စက်လွန်းလှပါတယ်။ေ နာက်ဆုံးမှာ မြန်မာအမတ်တွေစုပေါင်းပြီး သိုဟန်ဘွားရဲ့အတိုင်ပင်ခံ အမတ်ဖြစ်တဲ့ မင်းကြီးရန်နောင် နဲ့တိုင်ပင်ခဲ့ကြပါတယ်။ မင်းကြီးရန်နောင် ဟာ သိုဟန်ဘွားလက်အောက်မှာ အမူထမ်းနေသော်လည်း စိတ်နှလုံးေ ကာင်းကာ ရိုးသားတည်ကြည်ဖြောင့်မတ်သူဖြစ်ပါတယ်။ သိုဟန်ဘွား
ရဲ့လုပ်ရပ်တွေကိုလည်း မနှစ်သက်။ မိမိ အမျိုးသားတို့ကို အကယ်စင်စစ် ချစ်ခင်သူဖြစ်ပါတယ်။သိုဟန်ဘွား နန်းတက်စက မန်မာတို့နေရာ ပြည် နှင့် တာင်ငူသို့ ချီတက် တိုက်ခိုက်မည်ဟုမင်းကြီးရန်နောင်အား တိုင်ပင်ရာ ဤရှမ်းမင်း လုပ်ကြံသော် ပြည် ၊ တောင်ငူ တို့ ခံနိုင်မည်မဟုတ် ၊ ပျက်ခဲ့လျှင်လည်း ရှမ်းတို့သာ မြန်မာနိုင်ငံလုံး အုပ်စိုးကြတော့မည် ကျန်သည့် မြန်မာနိုင်ငံကျန်ပါစေတော့ကြံ၍ မင်းကြီး ရန်နောင်က " သွားရောက်တိုက်ခိုက်ရန် မလိုပါ ဘုန်းတော်ကြောင့် အလိုလိုညွတ်လာ ကြပါလိမ့်မည် " ဟု လျှောက်လေ၏။ သိုဟန်ဘွား လည်း မတိုက်တော့ေ သာကြောင့် မြန်မာမင်းတို့အတွက် သက်သာသွားခြင်းဖြစ်ပါတယ် အင်းဝနေပြည်တော်မကျဆုံးခင်က မြန်မာမင်းအဆက်ဆက် အသုံးပြုခဲ့တဲ့ ဓားတစ်ချောင်းရှိပါတယ် လူတိုင်းကြားဖူးကြတဲ့ ယိမ်းနွဲ့ပါးဓါး ဖြစ်ပါတယ်။ ရာဇ၀င်အဆိုရ ထိုဓါးဟာအလွန်ထက်ပါတယ်။ မြင်းစီးနေတဲ့လူကိုခုတ်လျင် လူရောမြင်းပါ ပြတ်ကြတဲ့အထိ ကောင်းတယ်လို့ဆိုပါတယ်။ တနေ့ သိုဟန်ဘွားဟာ တောင်ဖလူပင်လယ်ပြင်မှာ စံနေခဲ့ပါတယ်။ ထိုအချိန်မှာ မြန်မာမူးမတ်များ၊ ရှမ်းအမတ်များ လိုက်ပါခစားကြမည်ဖြစ်ရာ မင်းကြီးရန်နောင်က ယာယီတဲနန်းသဲပြင်များအောက်မှာ ငှက်ကြီးတောင်ဓါးရှည် များ၊ လှံများကို ၀ှက်ရန်စီစဉ်ခဲ့ပြီး သူဘုရင်ကို လုပ်ကြံသည်နှင့် အနားရှိ ရှမ်းအမတ်များကို ခုတ်ကြရန် ကြိုတင်ကြံစည်ခဲ့ပါတယ်။ ညီလာခံစပြီးတဲ့နောက်မှာ မင်းကြီးရန်နောင်ဟာ သိုဟန်ဘွားရဲ့ပုလ္လင် ဆီသွားကာ ရှေးနန်းစဉ်သုံးဓါးများရဲ့ ရာဇ၀င်ကိုပြောပြပါတယ်။ ယိမ်းနွဲ့ပါးဓား ဟာ အလွန်ထက်မြက်တဲ့အကြောင်းလျောက်တဲ့အခါမှာ သိုဟန်ဘွားဟာ စိတ်ဝင်စား လှသဖြင့် ပြခိုင်းရာ ဓားများထဲမှ ယိမ်းနွဲ့ပါးဓားကိုကောက်ကိုင်ကာ လူရောမြင်းပါ ဖြတ်အောင်ပြတ်နိုင်တာ ဒီဓါးပါဘုရား ဟုဆိုကာ သိုဟန်ဘွား အားခုတ်ချလိုက်ရာ လူတင်မက နောက်က ၀ါးပိုးတိုင်လေးချောင်းပါ ပြတ်သွားခဲ့ပါတယ်။ အနီးရှိမြန် မာအမတ်များကလည်း ဖွက်ထားတဲ့ဓါးတွေနဲ့ ရှမ်းအမတ်များကို ခုတ်ကြ တဲ့နောက်မှာ သိုဟန်ဘွားရဲ့ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်ရေးဟာ တစ်ခန်း ရပ်ခဲ့ပါတယ်။ မူးမတ်တို့က မင်းကြီးရန်နောင်အား မင်းပြုရန်လျှောက်တဲ့အခါ " ငါသည် မတရားမင်းကို ချခြင်းသာ ဖြစ်သည်။ ငါကိုယ်တိုင်မင်းမပြုလို ၊ တရားလည်း တရားမြန်မာတို့ကလည်းလိုလားသော အုန်းဘောင်ခုံမှိုင်းကို နန်းတင် ကြလေ " ဟုဆိုကာ နောက်တစ်နှစ်အကြာမှာ တောထွက်ရဟန်းပြု သွားခဲ့ပါတယ်။ တစ်ဘက်မှကြည့်လျှင် မင်းကြီးရန်နောင်ဟာ သစ္စာမ တည်သူဖြစ်ခဲ့သော်လည်း မတရားသောမင်းအားသစ္စာမတည်ခြင်းအ တွက် အပြစ်လို့ပြော၍ မရ၊ ထို့အပြင်သူ့အတွက်လည်းမဟုတ် တိုင်းပြည် အတွက် မင်းဆိုးမင်းညစ်တစ်ပါးကို ဖယ်ရှားခဲ့ခြင်းဖြစ်တာကြောင့် သူရဲေ ကာင်းဟု ဆိုထိုက်သူဖြစ်ပါတယ်။