သျှမ်းနိုင်ငံတော်(သျှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၁
၁။ တကောင်းဘုရင်ခေတ် (တရုတ်အခေါ် ချင်ချိုင်ဂို) .... တကောင်းဘုရင်ခေတ်သည် နှစ်ခေတ်စံ(ပုဂံ ၊ တကောင်း) ဖြစ်သည်။
တကောင်း (TA KONG) မြို့ဟောင်း၏ တည်နေရာမှာ နမ့်ကွေီ (NAM KIO) အလယ်ပိုင်း ၊ မန္တလေး မြောက်ဘက် ၁၂၇ မိုင်တွင်တည်ရှိသည်။ ထိုခေတ်က ဆင်များကို လယ်ယာထွန်ယက်ခြင်းနှင့် စစ်တလင်းတွင် အသုံးပြုခဲကြသည်။ သျှမ်းတို့သည် ထိုခေတ်အခါ ကတည်းကပင် ကိုယ့်ထီးကိုယ့်နန်း နှင့်ကိုယ်ပိုင်အုပ်ချုပ်နိုင်ခဲကြသည်။ ၂။ တကောင်းမှပညာသည်များ လိုယန်သို့သွားခြင်း .... တရုတ်တော်ဝင်မှတ်တမ်း (KAW-TI-PAN-KYI) အရ၊ တရုတ်နယ်စပ် အပြင်ဘက်တွင် ဆန်ဂိုဟုခေါ်သော သျှမ်းနိုင်ငံတည်ရှိသည်။ တကောင်းဘုရင် ယုံရိုတာဝ် (YONG-YEO-TEO) သည် အေဒီ ၉၇ ၊ ၁၂၀ ၊ ၁၃၁ ခုနှစ်တို့တွင် လိုယန်မြို့ ရှိတရုတ်ဘုရင် လောဝ်ကူး ( LEO-KU) ထံသို့ ယာဉ်ကျေးမှုအဖွဲများနှင့် သံတမန်များ ကို သုံးကြိမ်တိုင်တိုင် စေလွှတ်ခဲ့သည်။ ထိုအဖွဲများသည် တရုတ်ဘုရင်အား လက်ဆောင်ပဏ္ဏာများဆက်သလေသည်။ တရုတ်ဘုရင်ကလဲ ၄င်းတို့အား လက်ဆောင်များ ပြန်လည် ပေးအပ်လေသည်။ ၃။ တကောင်း-ပုဂံ .... အေဒီ ၂၃၃ ခုနှစ်တွင် ကယားတို့သည် တကောင်းပြည်ကို လာရောက် တိုက်ခိုက်ဖျက်စီးကြသည်။ ထိုအချိန်တွင် ဘုရင် ဆန်မူတာ (SAN-MU-DA) အုပ်စိုးနေချိန်ဖြစ်သည်။ ဘုရင် ဆန်မူတာသည် တကောင်းတွင် မင်းသားတစ်ပါးအား မင်းပြုစေလျက် တကောင်းနှင့် မနီးမဝေးဒေသတွင် ပုဂံဟုခေါ်သော မြို့သစ်တစ်မြို့ကိုတည်၍ မင်းပြုတော်မူ၏ ။ နောက်ပိုင်းတွင် ဗမာလူမျိုးတို့က ၄င်းဒေသကို အညာပုဂံဟုခေါ်ကြလေသည်။ တကောင်းမင်းဆက်သည် ပုဂံဒေသတွင် ဆက်လက်၍ မင်းပြုအုပ်စိုးခဲကြလေသည်။ ၄။ ဗုဒ္ဓဘာသာနှင့် ရှမ်းလူမျိုးများ (အေဒီ ၅၆၅).... အေဒီ ၅၆၅ ခုနှစ်၌ ပုဂံတွင် စန်လေဆိုမွန် (SAN-LAY-SO MON) ဘုရင်အုပ်စိုးခဲ့သည်။ ထိုဘုရင် မင်းမြတ်ဦးဆောင်၍ သျှမ်းအင်ပါယာကို ချဲထွင်ခဲ့သည်။ သျှမ်းအင်ပါယာ ချဲ့ထွင်စဉ် တပါတည်း လယ်ယာမြေများကိုလည်း ချဲ့ထွင်ခဲ့သည်။ ဘုရင်မင်းမြတ်နှင်တကွ တိုင်းသူပြည်သားများသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်၍ ငါးပါးသော သီလတော်ကို စောင့်ထိန်းကြသည်။ ခိုးဆိုးလုယက်မှု မရှိစေရန်လည်း တာမြစ်ထားသည်။ လာရောက်ကျူးကျော် သူရန်မှကာကွယ်နိုင်ရန်အတွက်လဲ အတားအဆီးများ ဆောက်လုပ်ခဲ့သည်။ ၅။ အဘိရာဇာ (အေဒီ ၈၅၀) .... ကုလားဘုရင် အဘိရာဇာသည် ကုလားပြည်မြောက်ပိုင်းတွင် စစ်ရှုံး၍ သျှမ်းပြည် တကောင်းတို့ တိမ်းရှောင်လာခဲ့သည်။ ၎င်းတို့သည် နမ့်ကွီး (ဧရာဝတိမြစ်) အနီးတွင် စခန်းချနေထိုင်ကြသည်။ ထိုဒေသကို ဟင်္သာတ (HONG-SA) ဟုခေါ်တွင်သည်။ စစ်မက်ဖြစ်ပွားခြင်းမရှိပဲ နောက်ပိုင်းတွင် တပေ (TA-PAY) သို့ပြောင်းရွှေ့နေထိုင်ကြသည်။ ၎င်းတို့သည် အဆို၊ အတီး၊ အက၊ နက္ခတ်ဗေဒ၊ တိုင်းရင်ဆေး အစရှိသော ပညာရပ် အမြောက်အများ သယ်ဆောင်လာခဲ့ကြသည်။ ထို့သို့ အဖိုးတန်လှသော ပညာရပ်များကြောင့် ဒေသခံသျှမ်းလူမျိုးများ၏ အလေးပေးဆက်ဆံလိုခြင်းကို ခံကြရသည်။ ၎င်း၏လူများတိုက်တွန်းချက်အရ ကုလားဘုရင် အဘိရာဇာသည် တကောင်းသို့ပြောင်းရွှေ့နေထိုင်ခဲသည်။ ထိုအချိန်တွင် တကောင်းဘုရင် ရှမ်းမင်းသားသည် ဗန်ဂျွန်း (Viang Chon) မြို့သစ်သို့ပြောင်းရွေ့မင်းပြုရာ ကုလားဘုရင်က တကောင်းကို ဆက်လက်မင်းပြုလေသည်။

သျှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၂
ရေးသားသူ ။ ။ History Of Tai Nov 21, 2009 ၆။ မိုင်းမောဝ်လုံကိုးစံပီ .... အေဒီ ၅၆၇ - ၁၄၄၈ (ရှမ်းနှစ် ၆၆၁ -၁၅၄၂) ခွန်လူး ၊ ခွန်လှိုင်းညီနောင်နှစ်ပါးမှ မောဝ်ရှမ်း အင်ပါယာကို (မိုင်းမောဝ်) စတင်တည်ထောင်ခဲ့သည်။ (မှတ်ချက် ... ယင်းညီနောင် တို့မတိုင်ခင်က ၄င်းတို့၏ ဖခင်နှင့် ၄င်းတို့၏ ဘိုးတော်က စတင်တည်ထောင်ခဲခြင်းဖြစ်သည်။ ယခုမှာ စာအုပ်ပါအရေးအသားကို ပြင်ဆင်ခြင်းမပြုလိုသဖြင့် မူရင်းအတိုင်း ပြန်ဆိုထားခြင်းဖြစ်ပေသည်။) ယင်းမောရှမ်းအင်ပါယာ၏ မြို့တော်မှာ ရွှေလီမြစ်ချိုင့်ဝှမ်း တစ်နေရာတွင် တည်ရှိခဲ့သည်။ ထိုခေတ်ကသျှမ်းတို့သည် နမ့်ကွီ (ဧရာဝတီမြစ်)၊ နမ့်ခုံး (သံလွင်မြစ်) မှအစပြု၍ ကျိုင်းတုံ၊ ကျိုင်းဆန်၊ ကျိုင်းမိုင် (ကျိန်းမိုင်) အထိ တိုင်အောင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့လေသည်။ ဘုရင် စဝ်ဦးတင် လက်ထက်တွင် နမ့်မေဟောင်ဟို ၊ နမ့်ပရမ္မာပုတ္တရ ထိ လွမ်းမိုးနိုင်ခဲ့သည်။ ထိုခေတ်သည် သျှမ်းလူမျိုးတို့၏ တန်ခိုးအာဏာ ထွန်းလင်းတောက်ပ ခဲ့သော ခေတ်ဖြစ်ခဲ့။ ၇။ ခွန်လူ၊ ခွန်လှိုင် နယ်မြေချဲ့ထွင်ခြင်း .... ၄င်းညီနောင်နှစ်ပါး လက်ထက်တွင် စီးပွားရေးနှင့် လူညီးရေ တိုးတက်စည်ပင်ခဲ့သည်။ စစ်မက်များအား စေလွတ်၍ နယ်မြေများကို ချဲ့ထွင်ခဲ့သည် ။ နယ်မြေတစ်နေရာအားရလျှင် ၄င်းတို့၏ သားတော်တစ်ပါးအား စေလွတ်၍ အုပ်ချုပ်မင်းလုပ်စေခဲ့ကြသည်။ မောဝ်အင်ပါယာတွင် နေထိုင်ကြသော တိုင်းသူပြည်သားများအား တစ်နှစ်လျှင်တစ်ကြိမ် အခွန်ဘဏ္ဏာများ ဆက်သစေခဲ့သည်။ ၈။ ခွန်လူ၊ ခွန်လှိုင် ပိုင်ဆိုင်သောနယ်မြေများ ... ခွန်လူ၏သားတော် အကြီး ခွန်လုံ သည် တကောင်းပြည်ကိုအုပ်စိုးသည်။ ခွန်ဖက မိုင်းယန်း နှင့် မိုင်းမိုကို အပိုင်ရပြီး နှစ်စဉ်မြင်းဆက်သရသည်။ ခွန်ကူးက လမ်းပန်း နှင့် ကျိုင်းရှဲန်ကို အပိုင်ရပြီး ဆင်ဆက်သရသည်။ ခွန်ကိုဝန်ဖ က မိုင်းယော ကို အပိုင်ရပြီး နှစ်စဉ် ရွှေ ဆက်သရသည်။ ခွန်လှက ကြာလိင်နယ်ကို အပိုင်ရပြီး ရေကြက် ဆက်သရသည်။ ခွန်ကျာ့ က အာဝနယ်ကို အပိုင်ရပြီး နှစ်စဉ် ကျောက်မျက်ရတနာ ဆက်သရသည်။ ခွန်ဆူက မိုင်းယု ကို အပိုင်ရသည်။
ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၃
ရေးသားသူ ။ ။ History Of Tai Dec 9, 2009 ဒီစာမျက်နှာကစလို့ နောက်ပိုင်းစာမျက်နှာတွေဟာ သမိုင်းနဲ့ မတူပဲ ဒဏ္ဍာရီ တစ်ခုလို့ဖြစ်နေပါတယ်။ ဒီလို ဒဏ္ဍာရီ ဆန်တဲ့ ကိစ္စတွေ ထည့်သွင်းမရေးချင်ပေမဲ့ စာအုပ်ပါ အကြောင်းအရာများကို ပြုပြင်ပြောင်းလဲ ခြင်းမရှိစေရန် ထည့်သွင်းဖော်ပြလိုက်ရပါသည်။ ၉။ ဘုရင်ခွန်တိုင်း .... မိုင်းမောဝ်၏ ရှည်လျှာသောမင်းဆက်တစ်လျှောက်တွင် ခွန်တိုင်း အမည်တွင်သော ဘုရင်သည်လည်း အဓိကကျသောနေရာမှ ပါဝင်ခဲ့သည်။ ၄င်းလက်ထက်တွင် မိုင်းမောဝ်ပြည်တည်ထောင်ရန်အတွက် နန်ချောင်းဘုရင်၏ အကူအညီများစွားရရှိခဲ့သည်။ ခွန်တိုင်းသည် မင်းသက် ၇၂၊ သက်တော် ၈၈ တွင်ကံတော်ကုန်ခဲ့သည်။ ၄င်းလက်ထက်တွင် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်၍ အိမ်နီးချင်းနိုင်ငံများသို့ ကုန်သွယ်မှုများတိုးတက်၍ တိုင်းသူပြည်သားများ အေးချမ်းစွာနေထိုင်ကြရသည်။ ၁၀။ ခွန်တိုင်း .... မိုင်းမောဝ် အစွန်အဖြား ရွာလေးတစ်ရွာတွင် အိုက်ဟူအမည်တွင်သော ရှမ်းလုလင်ပျိုလေး တစ်ဦးရှိသည်။ အိုက်သည် မြစ်ကမ်းဘေး တစ်နေရာတွင်တည်ရှိသော အိမ်တွင်နေထိုင်လေသည်။ ယင်းလုလင်ပျိုလေးသည် နဂါးမင်းသမီးလေး နှင့်အိမ်ထောင်ကျပြီး အေဒီ ၇၃၀ တွင် သားတော်လေးတစ်ပါး ထွန်းကားခဲသည်။ ယင်းသားတော်လေးကို ခွန်တိုင်း ဟုအမည်မှည့်ခေါ်ခဲ့သည်။ ၁၁။ ခွန်တိုင်းငယ်စဉ်ဘဝ .... ခွန်တိုင်းသည် မိခင် နဂါးမင်းသမီးနှင် အတူ ရေချောင်း၊ ရေအိုင် များတွင် ဆော့ကစား၍ ကြီးပြင်းခဲ့သည်။ လက်မှုပညာများ ဂီတနှင့် အကပညာများ ကိုသာမက ကိုယ်လုံပညာများကိုပါ စည်းပူးလေ့လာခဲ့သည်။ တိုင်းရေးပြည်ရာများကို မလေ့လာပဲ အလည်အပတ်ဖြင့် အချိန်ကုန်နေသောကြောင့် မိခင်က သားငယ်အား တိုင်းပြည်ရေးရာကို လေ့လာရန်ပြောကြားခဲ့သည်။ ခွန်တိုင်းသည် ချောမောခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်သော လူငယ်လေးတစ်ဦးဖြစ်လေသည်။ ၁၂။ ခွန်တိုင်း ဘုရင့်သမီးတော်နှင့် အကြောင်းပါခြင်း .... နန်ချောင်းဘုရင်တွင် အလွန်ချောမောလှပသော သမီးတော်တစ်ပါးရှိလေသည်။ မင်းကြီးသည် ၄င်း၏ သမီးတော်အား ကြင်ရာတော် ရွေးချယ်ပေးရန် စီစဉ်ခဲ့သည်။ ကြင်ရာတော်ရွေးပွဲတွင် ဘုရင်ကြီးသည် သမီးတော်အား ရေလည်ပိုင်းတွင် တပင်တိုင်မြနန်း ပေါ်တွင်စံစေသည်။ ဘုရင်ကြီးက မည်သူမဆို ရေယာဉ်၊ လှေစသော မည်သည့်အကူအညီမျှမပါပဲ သမီးတော်ထံ သွားနိုင်သောသူသည် သမီးတော်၏ ကြင်ရာဖက်အဖြစ် ရွေးချယ်မည် ဖြစ်ကြောင် မိန့်ကြားလေသည်။ သို့သော် မင်းသမီးလေး စံရာနေရာနှင့် ကမ်းမှာ အလွန်ဝေးကွာသောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ မရောက်နိုင်ပဲရှိလေသည်။ ထိုအချိန်တွင် ၁၆ နှစ်အရွယ် ခွန်တိုင်းသည် မိခင် နဂါးမင်းသမီး အကူအညီဖြင့် မင်းသမီးလေးစံရာနေရာ တပင်တိုင်မြနန်းသို့ ဆိုက်ရောက်နိုင်ခဲ့ပြီး နန်ချောင်းမင်းသမီး နှင့် အကြောင်းပါခဲ့လေသည်။ ၁၃။ ခွန်တိုင်း မိုင်းမောဝ်ဘုရင် ဖြစ်ခြင်း .... နန်ချောင်းဘုရင်မင်းမြတ်သည် သမက်တော် ခွန်တိုင်းအား ဂုဏ်ပြုသည့်အနေဖြင့် အေဒီ ၇၆၂ တွင် မိုင်းမောဝ်ဘုရင် အဖြစ်တင်မြှောက်ခဲ့သည်။ နန်ချောင်းဘုရင်မင်းမြတ်သည် သမက်တော်၏ နိုင်ငံတော်နှင့် နန်းတော်တည်ဆောက်ရာတွင် မိမိ၏ လူအင်အား အမြောက်အများ စေလွှတ်ကူညီစေခဲ့သည်။ နောက်ပိုင်းတွင် ခွန်တိုင်းသည် သံလွင်အထက်၊ ကျိုင်းတုံ၊ ကျိန်းမိုင်၊ လောဝ်နိုင်ငံ နှင့် ဗီယက်နမ် အထက်ပိုင်း ကိုသိမ်းယူနိုင်ခဲ့သည်။ ၁၄။ ဘုရင်မ နန်းလူ .... ခွန်တိုင်းခေတ်ပြီးနောက် အေဒီ ၇၆၂-၉၄၅ နောက်ပိုင်းတွင် တိုင်းပြည် ပရမ်းပတာဖြစ်ခဲ့သည်။ သား၊ သမီး၊ မြေး၊ မြစ် များမသင့်မြတ်ပဲ အာဏာအတွက် အချင်းချင်း တိုက်ခိုက်ကြသဖြင့် တိုင်းပြည်အုပ်ချုပ်ရန် မင်းသားမရှိဖြစ်ခဲ့ရသည်။ ထို့ကြောင့် အေဒီ ၉၅၄ တွင် မင်းသမီး နန်းလူးက ဘုရင်မအဖြစ် နန်းတက်ခဲ့သည်။ ဘုရင်မ နန်းလူ ၏မျိုးဆက်များသည် အေဒီ ၁၃၃၀ (ရှမ်းနှစ် ၁၀၄၈-၁၄၂၄) ထိ မိုင်းမောဝ်ကို စိုးစံခဲ့ကြသည်။ ၁၅။ ခွန်တုန်ဟို .... ဘုရင်မ နန်းလူ၏ သားတော်တစ်ပါးဖြစ်သော ခွန်တုန်ဟိုသည် အေဒီ ၁၀၂၄ တွင် ဘုရင်အရိုက်အရာကို ဆက်ခံခဲ့လေသည်။ ခွန်တုန်ဟိုသည် နန်းတွင်း မှ မှူးမတ်များ အခြင်းခြင်း ညီညွှတ်ရန် လမ်းပြပေးခဲ့သည်။ ဗမာရန်သူများသည် ကျူးကြော်တိုက်ခိုက်ရန် အကြိမ်ကြိမ် ကြိုးပမ်းသော်လည် မအောင်မြင်ပဲ ပြန်၍ဆုတ်ခွာသွားခဲရသည် သာဖြစ်သည်။ ဘုရင်သည် ယိုယွင်းစပြုနေသော မိုင်းမောဝ်ပြည် ကိုလည်း ပြန်လည်ပြုပြင် နိုင်ခဲ့သည်။ ထို့ကြောင့် တိုင်းသူပြည်သားများက ခွန်တုန်ဟိုအား "တိုင်းပြည်ကို ကယ်ဆယ်သောမင်းကြီး "ဟုခေါ်ဝေါ်သမုတ်ခဲ့သည်။
ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၎
ရေးသားသူ ။ ။ History Of Tai Dec 14, 2009 ၁၆။ စဝ်မွန်းလ .... စဝ်တုန်ဟိုတွင် သားသမီး နှစ်ယောက်ရှိလေရာ သားတော် စဝ်ကော်လျန်း နှင့် သမီးတော် စဝ်မွန်လ တို့ဖြစ်သည်။ စဝ်တုန်ဟိုသည် ကူးသန်းရောင်းဝယ်ရေး သွားလာလွယ်ကူစေရန်အတွက် သမီးတော်အား အနော်ရထာမင်းထံသို့ မိဖုရားအဖြစ်ဆက်သခဲ့လေသည်။ နောက်ပိုင်းတွင် မိဖုရားအချင်းချင်း မနာလိုဖြစ်၍ မိဖုရားမွန်းလထံတွင် စုန်းရှိကြောင်း ပြောဆိုကြ၍ မိုင်းမောဝ်သို့ ပြန်ခဲ့လေသည်။ မိုင်းမောဝ် မိမိကိုယ်ပိုင် ဆင်မြင်းအခြွေအရံများနှင့် ပြန်ခဲ့လေသည်။ အပြန်လမ်းတွင် စဝ်မွန်းလ သည် သီပေါမြို့တွင် ရွှေဇာယံ ဟုအမည်ရသော စေတီတစ်ဆူအား တည်ထားကိုးကွယ်ခဲ့သည်။ အနော်ရထာထံမှ အပြန်ခရီးတွင် မောင်တော် စဝ်ကော်လျန်း လာကြိုရာ စဝ်မွန်းလသည် မိမိတည်သော စေတီရှိသည့် သီပေါမြို့ရှိ တွင်ကွယ်လွန်ရှာလေသည်။ သူမ၏ အုပ်ဂူသည်လည်း သီပေါမြို့တွင် တည်ရှိလေသည်။ ၁၇။ ဆေ (ကျား) မင်းဆက် .... အေဒီ ၁၃၃၀-၁၄၄၈ ခေတ်ကာလအတွင်းတွင် မိုင်းမောဝ် ဒေသတွင် ဘုရင်အဆက်ဆက် အုပ်စိုးခဲ့ပြီး မြို့တော်လဲ များစွာရှိခဲ့သည်။ မင်းဆက်များမှာ ဆေခမ်ဖ (တိုက်ပွဲများစွာတိုက်ခဲ့သူ) ၊ ဆေဟုမ်ဖ ၊ ဆေခန်ဖ ၊ ဆေငင်းဖတို့ဖြစ်ကြပြီး မြို့တော်များကိုလည်း ဇေဟိုင်း ၊ စဲလန် ၊ တာဘို ၊ ချိန်းလွမ်း နှင့် ခွန်ဟော်ခမ်း သို့ အသီးသီး ရွေ့ပြောင်းခဲ့ကြသည်။ ၁၈။ ကျွမ်းကျင်မှုတိုးတက်လာခြင်း .... စဝ်ဆေခန်ဖသည် တိုက်ပွဲအများအပြား တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် စဝ်ဆေခန်ဖသည် မိမိ၏တိုင်းသူပြည်သား များအားလက်ရုံးရည် နှစ်လုံးရည် ပြည့်စုံအောင် လှုံဆော်ခဲ့သည်။ အထူးသဖြင့် ကိုယ်လုံပညာကို အဓိကထားစေပြီး နှစ်စဉ် သိုင်းပြိုင်ပွဲများကိုလဲ ကျင်းပပေးခဲ့လေသည်။ တိုင်းသူပြည်သားများအား လိမ္မာယဉ်ကျေးစေရန် လည်းသွန်သင်ဆုံးမရာ မိမိတို့ တိုင်းရင်းသာ ဘာသာတွင် မင်္ဂလာစကားဖြစ်သော "အော်ခ၊ ခ" ကိုလည်း အသုံးပြုစေခဲ့သည်။ ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစား စေခဲ့သည်ဟုဆိုသည် ၁၉။ အနယ်နယ်မှ စဝ်ဆေခန်ဖ ထံသို့ ခိုလှုံခြင်း .... မိုင်းမောဝ်ပြည်ကြီးသည် တဖြည်းဖြည်း ကြီးကျယ်စည်ပင်ဝပြောလာရာ အေဒီ ၁၃၃၁ ခုနှစ်တွင် အရှင် စဝ်ဆေခန်ဖ သည် မိမိ၏ ညီတော်ဖြစ်သော စစ်သူကြီး စဝ်ဆမ်လုံ အား အနောက်ဘက်သို့ စစ်ချီစေလေသည်။ စဝ်ဆမ်လုံ ဦးစီးသော တိုင်ပွဲဝင်သူများသည် သစ်ပင်အားမိုးကြိုးပစ်သည့်ပမာ ရဲရင့်ကြလေရာ အနောက်ဘက်ပိုင်း တနယ်လုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။ နောက်ပိုင်းတွင် နယ်မြေ အကြီးအသေး ပါမကျန်သိမ်းပိုက်နိုင်ခဲ့လေသည်။ အေဒီ ၁၃၄၂ တွင် တရုတ်စစ်သည်များ မိုင်းမော ကို နှစ်နှင့်ချီအောင် တိုက်ခိုက်ခဲ့သော်လည်း အရှုံးနှင့်သာပြန်သွားရကြောင်း ဆို၏။ ၂၀။ မင်းယုတ် ဆေဟုန်ဖ .... မိုင်းမောဝ်ပြည်တွင် ဆေဟုန်ဖမင်းဖြစ်သည့်အခါ ဆေဟုန်ဖသည် အရက်နှင့် မိန်းမကိစ္စ စသော အပျော်အပါးသာ လိုက်စားလေသည်။ အေဒီ ၁၃၈၄ ခုနှစ်တွင် ဈေးသစ်နှစ်ခုကို တည်ထောင်လေသည်။ ဈေးတစ်ခုမှာ ကျောက်ပေါက် ရှိသောသူများအတွက်ဖြစ်ပြီး ကျန်တစ်ဈေးမှာ တံတားနှင့်ဖြစ်ပြီး မျက်နှာသန့်စင်သော သူများအတွက် ဖြစ်သည်။ ဆေဟုန်ဖသည် ဒူးခန့်ရှိသော ရေချောင်းကို မိန်းကလေးများ ဖြတ်သည့်အခါတွင် မိန်းခလေးများ၏ ပေါင်နှင် ခြေသလုံး များအား စောင့်ကြည့်နေခဲ့လေသည်။ မိမိကိုယ်တိုင် ဘုရင် တစ်ပါးဖြစ်ပါလျက် ထိုသို့သော အမူအကျင့်များ ပြုမူနေသောအခါ တိုင်းသူပြည်သားများက မလိုလားခြင်းကြောင့် တိုင်းပြည်မှစွန့်ခွာသွားရလေသည်။ (မြို့တော် ပန်ကုန်းဟော် နှင့် တံတားတို့ မှာ ယခု မူဆယ်အနီးတွင် ရှိသည်ဟုဆိုလေသည်။)
ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၅
ရေးသားသူ ။ ။ History Of Tai Dec 20, 2009 ၂၁။ တော်ဝင် စိတ်ဓါတ် ပြန်လည်ရှင်သန်လာခြင်း .... စဝ်ဆေငင်းဖ (ဆေဟုန်ဖ ၏သားတော်) သည် ယိုယွင်းနေသော တိုင်းပြည်ကို ပြန်လည်တည်ထောင်ပြီး မင်းကျင့် ၁၀ ချက်နှင့်အညီ အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် လက်အောက်ငယ်သားများနှင့် တိုင်းသူပြည်သားများက လေးစားကြ၍ တိုင်းပြည် ပြန်လည် စည်ပင်သာယာဝပြော ခဲ့လေသည်။ ၂၂။ တရုတ်မင် အမျက်ထွက်ခြင်း ....်စဝ်ဆေငင်းဖ သည် မြောက်ဘက်ပိုင်းရှိ (တရုတ်တို့ဘက်ခြမ်း) နယ်မြေအမြောက်အများကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအခါ တရုတ် ဘုရင်သည် မိမိတို့ နယ်မြေကို ထိပါးလာမည်ကို စိုးရွံ့ထိပ့်လန့်၍ အမျက်ထွက်လေသည်။ တရုတ်ဘုရင် သည် နယ်မြေအားလုံးကို ပြန်လည်သိမ်းယူရန် စေခိုင်းခဲ့လေသည်။ ထိုကြောင့် မိုင်းမောဝ် ပြည်သည် တရုတ်တို့ ၏ သုံးကြိမ်တိုင်တိုင် တိုက်ခိုက် ခြင်းကို ခံရလေသည်။ ထိုတိုက်ခိုက်မှုတွင် တရုတ်စစ်သည် အင်အား ၃၅၀၀၀ နှင့် ရှမ်း စော်ဘွား စစ်သည် ၂၀၀၀၀ ကို အသုံးပြုခဲ့ကြလေသည်။ ပထမနှင့် ဒုတိယ အကြိမ်များတွင် တရုတ်တို့ စစ်ရှုံးပြီး တတိယ အကြိမ်တွင် မိုင်းမောဝ်ပြည်ကြီး မိုင်းကော့်ကျန်ပီ စစ်ရှုံးလေသည်။ ၂၃။ မိုင်းတီး ဘုရင် .... မိုင်းတီး ဟော်နန်းသည် ယနေထက်တိုင် တည်ရှိဆဲ ဖြစ်ပေသည်။ (မန်စီခေတ်မှ ဆန်းစီ ခေတ်) ဘုရင်၏ အမည်မှာ တောဝ်ကုန်မိုင်း ဟု အမည်တွင်သည်။ ၄င်းအား တရုတ်တော်ဝင်ဂုဏ်ထူးဆောင်ဘွဲ့ ပါဖူးကျန်း ပေးအပ်ဂုဏ်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရှင်းဖူးကျန်း အဖြစ် တိုးမြင့်ခံ့အပ် ခံခဲ့ရသည်။ အေဒီ ၁၄၄၄ တွင် ၄င်းသည် စစ်သူကြီး (ရှင်းဖူးဆာ) ရာထူးပေးအပ်ခြင်း ခံခဲ့ရသည်။ ယင်းဘုရင်လက်ထက်တွင် သေးငယ်သော အမှုများအတွက် ပေးလျှော်ခြင်းနည်းလမ်းဖြင့်လည်းကောင်း ၊ကြီးမားသော အမှုများအတွက် သေဒဏ်စသော ရိုးရှင်းသည့် ဥပဒေကိုသာ ကျင့်သုံးခဲ့သည်။ ၂၄။ ရိုးရာယဉ်ကျေးမှုဓလေ့ .... လူကြီးလူငယ်မရွေး အိုးစည်တို အိုးစည်ရှည် အိုးစည်ဗုံမောင်းစုံစုကာ ဖြင့် ကခုံခြင်းကို နှစ်သက်ကြလေသည်။ အိုးစည်ကိုပတ်၍ ကခုံသည့်အကကို လမ်းပန်ကောင် ဟုခေါ်သည်။ ၄င်းအကသည် အိုးစည် အဖွင့် အပိတ် ဖြင့် ကရသော အက ဖြစ်လေသည်။ ဒေါင်းအကသည် ရှမ်းတို့၏ ပြိုင်ဘက်ကင်းသောအက ဖြစ်လေသည်။ ၄င်းအကမှာ ဒေါင်းအမှီးဖြင့်ကသည့် ဟန်ဖြင့်ကရလေသည်။ မြင်းဟန်ဆယ့်နှစ်သွယ် အကမှာ ရှမ်းတို့၏ ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုအကဖြစ်ပေသည်။ ၄င်းအကမှာ ဝါးဖြင့်ပြုလုပ်ထားသော မြင်းဖြင့် ကရသော အက ဖြစ်ပြီး ၊ တရုတ်ဘုရင်၏ လိုယန်နန်းတော်တွင် တင်ဆက်ကပြခဲ့ဖူးလေသည်။ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးဝါပတ် တွင် ရှမ်းလူမျိုးများသည် မီးရှူးတံဆောင် များနှင့် မီးပုံးပျံများကို လွှတ်တင်ကြလေသည်။
ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၆
ရေးသားသူ ။ ။ History Of Tai Dec 25, 2009 ၂၅။ ကြယ်ကိုးပွင့်အစီအရင် .... ရှေးယခင် အိန္ဒိယ နက္ခဗေဒပညာရှင်များ မတိုင်ခင်ကတည်းက ရှမ်းပြည်သို့ရောက်ရှိခဲ့သော ပညာဖြစ်သည်။ ရှမ်းလူမျိုးများသည် ၄င်းတို့ တတ်အပ်သော ကြယ်ကိုးပွင့်ဖြင့် နက္ခတာရာ တွက်ချက်နိုင်ခဲ့ပြီး ရှေ့ဖြစ် အနာဂါတ်ဟောနိုင်ခဲ့ကြလေသည်။ ၄င်းအစီအရင်များကို ပေ၊ပရပိုဒ် များတွင်ရေးသားပြီး သိမ်းစည်းထားလေ့ရှိသည်။ ထိုအတတ်ပညာဖြင့် ခရီးသွားလာရာတွင်လည်းကောင်း ၊ မြေနေရာဒေသရွေးရာတွင်လည်းကောင်း ဆိုးကောင်းဝေဖန် တွက်ချက်နိုင်သည်။ ရှမ်းနှစ်သည် ခရစ်နှစ်ထက် ၉၄ နှစ်စောလေသည်။ ရှမ်းတို့သည် ကြက်ခေါင်း အသုံးပြု၍ ရှေ့ဖြစ်ဟောခြင်းအတတ်ကိုလဲ ကျွမ်းကျင်လေသည်။ ၂၆။ ရေကိုသန့်ရှင်းအောင် အသုံးပြုနိုင်ခြင်း .... ရှမ်းတို့သည် သောက်ရေသုံးရေ အတွက် ရေတွင်းမှရေများကို အားထားကြသည်။ သို့သော် ရေခပ်ရာ ရေတွင်း၊ တွင်းတိုင်း ရေမကြည်ကြပေ။ ထုံးဓါတ်ပါသည့်အတွက်ကြောင့် ရှမ်းများသည် ရေကြည်အောင် ပြုလုပ်ကြရသည်။ ပြုလုပ်ပုံမှာ ဝါးဖြင့် စပါးကျီပုံသဏ္ဍန်ယက်လုပ်ပြီး အခွေချကာ ရေတွင်းထဲတွင် ကျောက်စရစ်ခဲများ သံဖြူများကို မီးသွေး အနည်းငယ်ရောကာ ရေကြည်အောင်ပြုလုပ်ခဲ့ကြသည်။ ၄င်းအတတ်ပညာကို ယခုထက်တိုင် အသုံးပြုနေကြဆဲဖြစ်သည်။ ၂၇။ ရှမ်းတိုင်းရင်းသားများနေအိမ် ... ရှမ်းတိုင်းရင်းသားမျာနေအိမ်သည် ဝါးပိုးဝါးများ၊ သစ်လုံးများကို စောက်ဖြင့်ထွင်း၍ အိမ်တိုင်ထောင်ပြီး အသုံးပြုလေ့ရှိကြသည်။ အောက်ခြေကို ကျောက်သားဖြင့် ခိုင်ခံ့အောင် အခြေတည်၍ တည်ဆောက်လေ့ရှိသည်။ သက်ကယ်မိုးထရံကာ ဖြစ်၍ အိမ်ရှေ့တွင် ကွပ်ပျစ်တွဲပါသော သောခြေတံရှည်အိမ်ဖြစ်သည်။ ထို့အပြင် အိမ်ထဲတွင် မီးအိမ်၊ ရေအိုး၊ ရေတကောင်း တို့ ပါရှိပြီး အိမ်အကာများကိုလည်း ဝါးထရံဖြင့်ကာထားပါသည်။ ရှမ်းတိုင်းရင်းသားတို့ ဝါးထရံဖြာသောအကွက်မှာ ၁၂ ကွက်ပါရှိသည်။ အိမ်၏ မြောက်ဘက်တွင် လှေကားထားရှိသည်။ ၂၈။ ခွန်ဆမ်လော နှင့် နန်းဦးပင် .... ပုံပြင်အနေဖြင့် ခွန်ဆမ်လောနှင့် နန်းဦးပင်ကို ရှမ်းတိုင်းရင်းသားများ နားထောင်သိရှိဖူးသော ဒဏ္ဍာရီပုံပြင်ဖြစ်ပါသည်။ ဤပုံပြင်သည် ရှမ်း တိုင်းရင်းသားတို့၏ သမိုင်းကြောင်းပုံပြင်လည်း ဖြစ်ပါသည်။ ချစ်တိုင်းလည်းမငြား သေလွန်သွားသော်လည်း အချစ်စိတ်၏ စွဲလမ်းမှုကြောင့် ကြယ်နှစ်ပွင့်အဖြစ် တည်ရှိပြီး တစ်ပွင့်မှာ ညဦးပိုင်းတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (ခွန်ဆမ်လော)၊ ကျန်တစ်ပွင်မှာ မိုးသောက်ခါနီးတွင် လင်းလက်ပြီး ၄င်းကြယ်မှာ (နန်းဦးပင်) ဖြစ်လေသည်။ ယင်းကြယ်နှစ်လုံးမှာ သုံးနှစ်တစ်ကြိမ်နီးခဲ့ကြပြီး ကျန်နှစ်များတွင် ပြန်လည်ဝေးကွာသွားကြလေသည်။ ၂၉။ နန်ချောင်း အေဒီ ၆၅၀-၁၂၅၂ .... အေဒီ ၆၅၀ တွင် ဘုရင် အိုက်လောင်သည် ၆ နိုင်ငံကို စုပေါင်းအုပ်ချုပ်၍ (မွန်းဆို၊ ချီချိုင်း၊ ချန်လန်၊ စီလန်၊ တန့်ဆန်၊ မွန်းစေ) စသော မြို့များကို ခြောက်နိုင်ငံ ဘုရင်အဖြစ်အုပ်ချုပ်ပြီး ရှမ်းအင်ပါယာ တည်ထောင်ခဲ့သည်။ (နန်ချောင်း = တောင်ပိုင်း ဦးသျှောင်မင်းသား (သို့) သန်းပေါင်းများစွာသောသူတို့အား သြဇာတက်ရောက်သူ) ရှေးခေတ် ရှမ်း မင်းများသည် အမည်နာမကို အမျိုးမျိုးမှည့်ခေါ်ကြသည်။ (ခေါ်ဆိုပုံမှာ ရဲရင့်သော အမည်နာမများဖြစ်သည်။
၃၀။ လက်ရှိမြန်မာနိုင်ငံတွင်းရှိခဲ့သော ရှမ်း မင်းဆက်များ (က) ရှမ်းညီနောင်သုံးပါး (အင်္သခရာ၊ ရာဇသင်္ကြန်၊ သီဟသူ) မြင်စိုင်း အေဒီ - ၆၆၂ (ခ) သီဟသူ ပင်းယကို တွေရှိ အေဒီ - ၆၇၄ (ဂ) အင်္သခရာသားတော် (စဝ်ယွမ်) စစ်ကိုင်းကို တွေ့ရှိ အေဒီ - ၆၆၇ -၆၈၄ (ဃ) သတိုးမင်းဖျား အင်းဝကို တွေ့ရှိ အေဒီ - ၇၂၆ (င) စဝ်လုံမိုင်းယန်း (မိုးညှင်းစဝ်လုံ) အေဒီ - ၇၈၈ - ၈၀၁။ ကလေးအား အေဒီ - ၇၈၇ တွင် သိမ်းပိုက်နိုင်ခဲ့ (စ) အေဒီ - ၈၈၆ တွင် စဝ်လုံမိုင်းယန်း (စဝ်လုံ = ကြီးမြတ်သောဘူရင်) နှင့်သား (ဆေဟုန်ဖ) တို့ စစ်ကိုင်းအား သိမ်းပိုက်နိုင်ခဲ့။ အေဒီ - ၈၈၈ တွင် အင်းဝအား သိမ်းပိုက်ခဲ့။ ဆေဟုတ်ဖ (အေဒီ ၈၈၈ - ၉၀၄) အင်းဝဘုရင် ဖြစ်ခဲ့။ အုန်းပေါင်းခွန်မိန်း (အေဒီ ၉၀၄-၉၀၇) အင်းဝဘုရင် အဖြစ်စိုးစံခဲ့ ယွန်းရှမ်းမင်းဆက်များ လက်ရှိထိုင်းနိုင်ငံ (ကျိန်းမိုင် အေဒီ - ၁၃၅၀၊ ကျိန်းရိုင်း ၊ကျိန်းတောင်း) မိုင်းယွန်းဖြစ်သည်။ ဘုရင် မာဂ်ရိုင်း အေဒီ ၁၂၅၉၊ ယွန်းရှမ်းတို့၏ ယဉ်ကျေးမှုနှင့် ထုံးတန်းစဉ်လာများသည် သာသနာနှစ် ၂၃၅ ၊ အေဒီ ၆၃၉ ထက် ရှေးပိုကျလေသည်။ဘုရင် မာဂ်ရိုင်းည် ဗမာ့ကမ္ဘာမင်ရဲ နှင့် အဆက်အသွယ် မပြုလုပ်ခဲ့ပေ။ အဟုတ်ရှမ်းမင်းဆက်များ

ယခုလက်ရှိ အဆန် (သို့) ဘရာမပုထရာ ရွာ (သို့) မိုင်းဒန်ဆွန်ခမ်း သည် အဟန်ရှမ်းတို့၏ ပဒေသရာဇ်နိုင်ငံဖြစ်သည်။ ဘုရင် ဆာကာတ နှင့် မျိုးဆက်များက အေဒီ ၁၂၂၈ မှ ၁၈၂၆ အထိ အုပ်စိုးခဲ့လေသည်။ ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) ending and thanks
ရေးသားသူ ။ ။ History Of Tai Dec 25, 2009
မိုင်းမော ပဒေသရာဇ်နိုင်ငံ ၏မြေပုံ
စာဖတ်ပရိသတ်တို့အား အထူးကျေးဇူးတင်ပါကြောင်း
လေးစားစွာဖြင်