![]() |
Add caption |
ရှမ်းပြည်နယ်၏ အစောပိုင်းသမိုင်းသည် မြန်မာနိုင်ငံ အစောပိုင်း သမိုင်းကဲ့သို့
ပုံပြဒင်ဏ္ဍာရီဆန်ကာ နတ်၊ နဂါး၊ ကျားများပါ ပါဝင် ရောနှောနေသည်။ ယင်းသို့ ဒဏ္ဍာရီဆန် သော အချက်အလက်များကို ချန်လှပ်၍ မြန်မာရာဇဝင်သမိုင်း များ ကုန်းဘေါင် သီပေါ ရာဇဝင်များအရ ဖော်ပြရလျှင် ရှမ်းပြည်ထောင် ကိုစတင်တည်ထောင်ခဲ့သူမှာ ဘိန္နကရာဇ်မင်းဟု ဆိုလေ သည်။ ထိုကြောင့် ရှမ်းမင်းအစ၊ ဘိန္နက ဟုပင် ရေးသားခဲ့ကြ လေသည်။![]() |
Add caption |
ထိုရာဇဝအရ တကောင်းမင်း အဘိရာဇာ၏ အဆက် အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်း ပြည်အား တရုတ်တရက်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာလာပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက် မလယ်အရပ်၌ စံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသော ဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကို ခေါင်းဆောင်သော ထိုမင်း၏ ညီတော် ဘိန္နာကရာဇ်သည် ရွှေလီ မြစ်အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာ ဘက်ကမ်းတွင် မိုင်းမောဟု ခေါ်တွင်သောဒေသ၌ အခြေချကာ ရှမ်း ၁၉ ခရိုင်ကို စတင်တည်ထောင်သည်ဟု ဆိုလေ သည်။ ထိုကြောင့် ရှမ်းပြည်ထောင်အစ၊ မိုင်းမောက ဟုလည်း ဆိုရိုးပြုခဲ့ကြလေသည်။
သမိုင်းသုတေသီများ အထောက်အထား အခိုင်းအလုံတွေ့ရသော ပဓာနအချက်အလက်များနှင့် ညီညွတ်သည့် အဆိုများ အရမူ ရှမ်းလူမျိုးတို့သည် နန်ချောင် (နန်းကျောက်) ပြည်ကြီး မတည်ဆောက်မီ ခရစ်နှစ် တစ်ရာစု အစပိုင်းလောက်မှ စတင်၍ တရုတ်နိုင်ငံတောင်ဘက်ပိုင်းဒေသများမှ တောင်ဘက်၊ အနောက် တောင်ဘက်၊ ရှေ့တောင်ဘက်ဒေသများသို့ တရွေ့ရွေ့ ပြောင်းရွေ့လာခဲ့ရာ နန်ချောင်ပြည်ကြီး စည်ပင်ဖွံ့ဖြိုးနေသည့် (၇) ရာစု လောက်တွင် မိုင်းမောဒေသမှ စတင်၍ ရှမ်းပြည်ထောင်များကို တစ်စတစ်စ တိုးချဲ့တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။
ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်မတိုင်မှီအထိ မိုင်းမောသည် နန်ချောင်အား ပဏ္ဏာဆက်သနေခဲ့ရသည်။ အနော်ရထာမင်းသည် နန်ချောင်၏မြို့တော် ယခု ယူနန်ပြည်နယ်ရှိ တာလီဖူသို့အရောက် ရဲမက် စစ်သည် အလုံးအရင်းနှင့် ချီတက်လာသောအခါ နန်ချောင်ပြည့်ရှင်သည် မြန်မာမင်းအား ခန့်ညားခဲ့ရသည်။ ထိုကြောင့် အပြန်ခရီးတွင် မိုင်းမောပြည့်ရှင် သည်လည်း အနော်ရထာမင်းအား သမီးတော် စောမွန်လှကို ဆက်သခဲ့သည်။
အနော်ရထာမင်း၏ လက်ထက်မှစ၍ စည်ပင်တိုးတက် လာသော ပုဂံပြည်သည် ခရစ်နှစ် ၁၃ ရာစု အလယ်ပိုင်းတွင် တိုင်းပြည်အား အုပ်ချုပ်မင်းလုပ်ကြသော ကျစွာမင်း၊ ဥဇနာမင်း၊ နရသီဟပေတ့မင်းတို့၏ လက်ထက်၌ ထိုမင်းတို့ အရည်အချင်း ညံသဖြင့် ပုဂံပြည်ကြီး ယိမ်းယိုင်လာလေသည်။ ထိုအခါ မော ရှမ်းမင်းတို့သည် မြန်မာမင်းတို့အား မခန့်မညားတော့ချေ။ မြန်မာမင်းက မြို့စားရွာစား ခန့်ထားသော စစ်ကိုင်း၊ ပင်းယ၊ မြင်းစိုင်းစား ရှမ်းညီနောင်သုံးဦးတို့သည် ပုဂံပြည်၏ နိုင်ငံရေး အင်အားကို သိမ်းပိုက်လိုက်ကြသည်။ ယင်းတို့နှင့် ယင်းတို့၏ အဆက်အနွယ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ လွှမ်းမိုးကြီး စိုးနေခဲ့ကြလေသည်။
တောင်ပိုင်း ရှမ်းပြည်နယ်ဟု ယခုခေါ်ဆိုကြသော ရှမ်းနယ် များသို့ ရှမ်းလူမျိုးများ မပျံ့နှံ့လာမီက ထိုဒေသများရှိ ဝ၊ ပေလာင်၊ ယင်းသုံးမျိုး (ယင်းနက်၊ ယင်းဆက်၊ ယင်းကျား)၊ တောင်သူနှင့် ပဒေါင်မျိုးစုများလည်း ရှိနေသည်။ ထိုနယ်များ ၏ အစောပိုင်း သမိုင်းတွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း ဖောင်စက်ကြာဖြင့် တိုင်းခမ်းလှည့်လည်စဉ်က အကြောင်းများ လည်း ပါရှိ၍ မြန်မာနိုင်ငံအစောပိုင်း သမိုင်းနှင့် ဒွေးရောယှက် တင် ရှိနေခဲ့လေသည်။ အသေအချာ လေ့လာစီစစ်သည့်အခါ အထက်မြန်မာနိုင်ငံ၌ မောရှမ်းဆက်များ ဖြစ်ကြေသာ မိုး ကောင်း၊ မိုးညှင်း၊ ကလေးစားတို့ လွှမ်းမိုးနေစဉ် သမယမှ စတင်၍ မြောက်ပိုင်းနယ်များမှ စော်ဘွားအဆက်အနွယ်များကို ပင့် ခေါ်ပြီးလျှင် တောင်ပိုင်းနယ်များ၌ စိုးမိုးစေခဲ့သည်ဟု ယူဆရလေသည်။
မြေလပ်နယ်များရှိ လူမျိုးများဖြစ်ကြသော အင်းသား၊ ဓနု၊ တောင်သူ၊ တောင်ရိုးတို့သည် ထိုဒေသ၏ မူလတိုင်းရင်းသား များ မဟုတ်ချေ။ ယင်းတို့သည် မြန်မာအစုဝင် လူမျိုးများ ဖြစ် ကြပြီးလျှင် အခြားဒေသမှ အကြောင်းကြောင်းတို့ကြောင့် ထို ဒေသများသို့ ရောက်ရှိလာကြသူများ ဖြစ်ကြသည်။ သို့သော် မြေလပ်နယ်များသည် ပထဝီဝအရ ရှမ်းနယ်များနှင့် ပို၍နီးစပ် သဖြင့် မြန်မာတို့သည် ယင်းနယ်များအား ရှမ်းနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့လေသည်။ မြေလပ်နယ်များမှ မြန်မာများကို ငွေ ပဏ္ဏာ ဆက်သွင်းရသဖြင့် ထိုနယ်ရှိမင်းများကို ငွေခွန်မှူးများဟု ခေါ်ဆိုကြလေသည်။
စစ်ကိုင်း၊ ပင်းယတို့၌ မင်းပြုစိုးမိုးနေခဲ့ကြသော ရှမ်းညီ နောင် သုံးဦးတို့၏အဆက်အနွယ်များသည် နောင်အခါ အချင်း ချင်း မညီညွတ်သဖြင့် ပင်းယမင်းသည် စစ်ကိုင်းကို တိုက်ရန် မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဖျားတွင် အင်အားကြီးမားလျက် ရှိသော မောရှမ်းတို့ကို ဖိတ်ခေါ်သည်။ မောရှမ်းတို့သည် စစ်ကိုင်းကို သာမက ပင်းယကိုပါ တိုက်သဖြင့် နှစ်မြို့လုံး ပျက်ရလေသည်။ ၁၃၆၄ ခုနှစ်တွင် စစ်ကိုင်းနှင့် ပင်းယပျက် ပြီးနောက်၌ စစ်ကိုင်းမင်း အသင်္ခယာစောယွန်း၏ မြေးတော် သတိုးမင်းဖျားသည် စစ်ကိုင်းနှင့် ပင်းယကို သိမ်းယူ၍ အင်းဝ ကို တည်ကာ မင်းပြုသည်။ ထိုမင်းလက်ထက်နှင့် ထိုမင်းအား ဆက်ခံသော မင်းကြီးစွာစော်ကဲ၏လက်ထက်တွင် မောရှမ်းတို့ နောက်ထပ်တိုက်ခိုက်လာခြင်းကို ဟန့်တားနိုင်ခဲ့သော်လည်း နောက် ဆက်ခံသော မင်းများလက်ထက်တွင်မူ ရှမ်းမင်းတို့ သည် အင်းဝကို ရံဖန်ရံခါ တိုက်လာသည်။ တရုတ်နိုင်ငံ ကိုလည်း သွားရောက်ထိပါးသည်။ အချင်းချင်းလည်း တိုက် ခိုက်ကြလေသည်။
တောင်ငူခေတ်တွင် မြန်မာတို့ ပြန်၍ အင်အားတာင့်လာ သည်။ ထိုအချိန်၌ အင်းဝတွင် ရှမ်းမင်းခုံမှိုင်းငယ် (ခွန်မိုင်းငယ်) စိုးစံနေသည်။ မြန်မာတို့သည် ရှမ်းတို့၏ စိုးမိုးမှုကို တွန်းလှန် ရန် ကြိုးပမ်းလာသည်။ မြန်မာသက္ကရာဇ် ၉ဝ၆ ခုနှစ် (ခရစ် ၁၅၄၄ ခုနှစ်) တွင် တောငင်ူဘုရင် တပင်ရွှေထီးနှင့် ယောက်ဖ တော် ဘုရင့်နောင်တို့ ခေါင်းဆောင်သော မွန်-မြန်မာများနှင့် သီပေါစော်ဘွား၊ အင်းဝခုံမှိုင်းငယ်၊ ဗန်းမော်စော်ဘွား၊ မိုးညှင်း စော်ဘွားတို့၏ တပ်များသည် ပြည်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ စော်ဘွားတို့ အရေးနိမ့်ကြလေသည်။
တပင်ရွှေထီးလွန်သောအခါ ဘုရင့်နောင်သည် ဟံသာဝတီ ထီးနန်းကို ဆက်ခံ၍ အင်းဝကို တိုက်ခိုက် အောင်နိုင်ပြီးသည့် နောက်တွင် မြန်မာသက္ကရာဇ် ၉၁၉ ခုနှစ် (ခရစ် ၁၅၅၅-၅၆) မှ စတင်ပြီးလျှင် မြောက်ပိုင်း ရှမ်းပြည်ထောင်တို့ကို သိမ်းသွင်း ခဲ့ရာ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမော်၊ ကေလး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စေသာ စော်ဘွားတို့သည် မြန်မာမင်း၏ သစ္စာကို ခံယူကြရသည်။ ထိုနယ်တို့နှင့် အင်းဝကို တရုတ် အစိုးရက မိမိတို့လက်အောက်ခံနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့ သဖြင့် ထိုကဲ့သို့ ဘုရင့်နောင်က တိုက်ခိုက် သိမ်းသွင်းသော အခါ တရုတ်အစိုးရနှင့် အရေးပေါ်ခဲ့လေသည်။ ထိုကြောင့် ဘုရင့်နောင်၏တပ်များသည် ယူနန်နယ် တောင်ပိုင်းသို့တိုင်အောင် ချဉ်းနင်းတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့သည်။ နောက်တစ်နှစ်တွင် ဘုရင့်နောင်၏ တပ်တို့သည် သံလွင်မြစ် အနောက်ဘက်ကို မိုးနဲ၊ ညောင်ရွှေ၊ ရပ် စောက် စေသာ စော်ဘွားနယ်များနှင့် ရွာငံ၊ စကား၊ လဲချား၊ သာမိုင်း ခမ်း စေသာ မြို့စားနယ်များကို သိမ်းသွင်းသည်။ နောက်နှစ်တွင် ဇင်းမယ်၊ လပုန်း၊ ဗြဲ၊ ကျိုင်းရဲနယ်တို့ကို တိုက်ခိုက်သိမ်းပိုက် သည်။ ယင်းသို့ဖြင့် ခရစ်နှစ် ၁၅၅၆ မှသည် ၁၅၅၈ ခုနှစ်များ အတွင်း ဘုရင့်နောင်သည် မြန်မာနိုင်ငံမြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ဖြစ်သော ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်များ၊ ယိုးဒယားနိုင်ငံ မြောက်ပိုင်းနယ်များကို မြန်မာနိုင်ငံတ်ာအတွင်းသို့ ပေါင်းစည်းနိုင်ခဲ့လေသည်။ ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏လက်နက်နိုင်ငံ တော်တွင် ပါဝင်သော ရှမ်းပြည်ထောင်များမှာ အောက်ပါ အတိုင်း ဖြစ်လေသည်။
ယခုအခါ တရုတ်နယ်စပ်ဘက်သို့ ကျရောက်၍ ရှမ်း တရုတ် နယ်များဖြစ်သော ကိုင်းမား၊ စန္ဒား၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ စည်ခွဟင်ူသော မြော်ရကှမ်းရှစ် ပြည်ထောင်၊ ထိုနယ်များတွင် ဘုရင့်နောင်၏ မြန်မာရဲမက်များ တည်ထားခဲ့သော စေတီပုထိုးများ အထင်အရှားရှိခဲ့သည်ဟု ရာဇဝင်များ၌ ဖော်ပြသည်။
မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မိုးနဲ၊ သိန္နီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးဗြဲ၊ ကေလး (သောသင်ွပ်) နယ်တို့ကို ရှမ်းကိုး စော်ဘွားနယ်များဟု သီးခြားထားပြီးလျှင် ထိုနယ်ရှိစော်ဘွား များကို စော်ဘွားကြီးများ၏ အစီးအနင်း အဆေါင်အရွက်ပေး သည်။ နောင် မြန်မာမင်းအဆက်ဆက်တို့ကလည်း ထီးရံ နန်းရံ လက်နက်နိုင်ငံ များအဖြစ် အသိအမှတ်ပြုလေသည်။ ယင်းတို့အပြင် မှန်နန်းရာဇဝင်၌ ဟံသာဝတီ ဆင်ဖြူများ ရှမ်းမင်း၏ လက်နက်နိုင်ငံတွင် ပါဝင်သော ပြည်များအဖြစ် အောက်ပါ ရှမ်းနယ်နှင့် ရှမ်းအနွယ် နယ်များကိုလည်း ဖော်ပြ သည်။
(၁) ဗန်းမော်၊ (၂) မိုင်းလျဉ်း၊ (၃) မိုင်းကိုင်၊ (၄) မိုင်း ပတ်၊ (၅) ရပ်စောက်၊ (၆) နောင်မွန် (၇) ကျိုင်းတုံ၊ (၈) ကျိုင်းရုံး၊ (၉) ကျိုင်းသေဉ်၊ (၁ဝ) မိုင်းလုံခပင်း၊ (၁၁) ဇင်း မယ်၊ (၁၂) လင်းဇင်း၊ (၁၃) မိုင်းစံ၊ (၁၄) အကျော်၊ သို့ မဟုတ် ကျော်ပုဂံ၊ (၁၅) လဝိုက်၊ (၁၆) မျက်နှာမည်း၊ (၁၇) သောက္ကတဲ၊ (၁၈) ပိဿလောက်တို့အပြင် ကလေးနှင့်ကသည်း ဟုန်း ရှမ်းစော်ဘွားတို့၏ မဏိပူရကသည်းပြည်လည်း ပါဝင် လေသည်။
ဘုရင့်နောင်၏ သားတော် နန္ဒဘုရင်လက်ထက်တွင် လက်နက်နိုင်ငံတော် ပြိုအက်၍လာရာ ရှမ်းပြည် နယ်တို့လည်း သီးခြားခွဲထွက်ကြသည်။ သို့သော် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သော ညောင်ရမ်းမင်း လက်ထက်တွင် ရှမ်းပြည် မြောက်ပိုင်းနှင့် အလယ်ပိုင်းနယ်များကို ပြန်လည် သိမ်းသွင်းခဲ့ လေသည်။ ညောင်ရမ်းမင်း၏သားတော် အနောက်ဘက်လွန်မင်း နှင့် ထိုမင်း၏ညီတော် သာလွန်မင်းတို့၏ လက်ထက်လွန်ပြီး နောက်တွင် မြန်မာမင်းတို့ အရည်အချင်း ပျော့ညံ့လာသဖြင့် နိုင်ငံတာ် ယိမ်းယိုင်လာသည်။ အင်းဝမြို့တွင် မင်းပြုသော ဟံသာဝတီရောက်မင်းဟုလည်း ခေါ်သည့် မဟာဓမ္မရာဇာမင်း လက်ထက်တွင် မွန်တို့အင်အား တောင့်လာ၍ အင်းဝကို တိုက်လာသဖြင့် အင်းဝပျက်သည်။ ထိုအခါ ရှမ်းပြည်နယ် များသည် အင်းဝ၏ဩဇာကို မခံတော့ပေ။ ဇင်းမယ်နယ်သည် လည်း သီးခြားခွဲထွက်လေသည်။ ယိုးဒယားနှင့် မဏိပူရတို့ လည်း မြန်မာနိုင်ငံတွင်းသို့ပင် ဝင်ရောက်တိုက်ခိုက် လုယက် ခြင်း ပြုလေသည်။ ယင်းသို့သော အပြိုပြိုအကွဲကွဲ ဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးအမည်ခံ ဦးအောင် ဇေယျသည် ပြန်လည်စုစည်းခဲ့ရာ ရှမ်းပြည်နယ်ကို ပြန်လည် တိုက်ခိုက် သိမ်းသွင်းခဲ့လေသည်။ ယင်းသည်မှစ၍ ကုန်းဘောင် ခေတ်အတွင်းတွင် ရှမ်းပြည်နယ်များ၏လှုပ်ရှားမှုသ ည် နည်းပါး သွားလေသည်။ ကုန်းဘောင်ခေတ်အ တွင်းမြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်က အင်းဝ ဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘိုဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် လက်နက်နိုင်ငံတော်ကို တိုင်း ၁၆ တိုင်း ခွဲ၍ ပြထားရာ၌ ရှမ်းနယ်နှင့်ရှမ်းအနွယ်နယ်များကို ဤသို့ ပိုင်းခြား ဖော်ပြထားလေသည်။
၁။ တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက္ကတဲ စေသာ ၇၉ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂျွမ်း ယိုးဒယားတို့နေရာ ဒွာရဝတီဟူသော အရုဇ္ဈပုရတိုင်း၊ (ယိုးဒယား)
၂။ ဗြဲ၊ အနန်း၊ ပေရာ၊ ကျိုင်းသေည်၊ လပုန်း စေသာ ၅၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ယွန်း လူမျိုးတို့နေရာ ဇင်းမယ်ဟူသော ဟရီဘုဉ္စတိုင်း၊ (ဇင်းမယ်)
၃။ မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂုံလူမျိုးတို့ နေရာ ကျိုင်းတုံ ဟူသော ခေမာဝရတိုင်း၊
၎။ မိုင်းစဲ့ (မိုင်းစံ)၊ ကျိုင်းဟွန်၊ မိုင်းယတ် စေသာ ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူးလူမျိုးတို့နေရာ ကျိုင်းရုံး ဟူသော မဟာနဂရတိုင်း၊
၅။ မိုင်းလုံး၊ မိုင်းကွန်း၊ လောသွတ်၊ တိုက်ခံ၊ တေသန်၊ တေသိန်၊ မိုင်းဆံကြီး၊ မိုင်းဆံငယ် စသော ၁ဝဝ သော မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော လင်းဇင်းလူမျိုးတို့နေရာ စန္ဒပူရိ ဟူသော လဝရဋ္ဌတိုင်း၊ (လော နိုင်ငံ)
၆။ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ သိန္နီ၊ ကိုင်းမား၊ သီပေါ၊ မိုးမိတ်၊ သုံးဆယ်ဟူသော မြို့ကြီး အေပါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့နေရာ ဖြစ်သည့် ကမ္ဗောဇတိုင်း၊
၇။ မိုးတာ၊ မိုးစစ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီ၊ တက် ခေါင်၊ မိုင်းလုံဟူသော မြို့ကြီးအေပါင်းတို့ဖြင့် တန်ဆာဆင်အပ်သည့် ၃ဝ သော ရှမ်းစော်ဘွားတို့နေရာဖြစ်သော အာဠဝီတိုင်း၊
၈။ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား၊ မိုးဝန်း စသောမြို့ကြီး ကိုးမြို့ဖြင့် တန်ဆာဆာဆင်အပ်သော ရှမ်း တရုတ်လူမျိုးတို့နေရာ၊ မောကိုးခွင် ဟူသာ မောရိယတိုင်း၊
၉။ ကတို၊ ဝိုးငံ၊ ဆေးသစ်၊ ကောင်းစင်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်ဟူသော မြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဗန်းမော် ရှမ်းစော်ဘွားတို့နေရာဖြစ်သော စိန့်တိုင်း၊
၁ဝ။ မိုးကုတ်၊ ကျတ်ပြင်၊ ရေလျှံ စေသာ မြို့လ်ရတွာငယ်အ ပေါင်းတို့ဖြင့် တန်ဆာင်အပ်သော စို့သူကြီးတို့နေရာ ဖြစ်သော မဟိံသကတိုင်း၊
၁၁။ မွေးရည်၊ မည်ကယ်၊ ငစကင်ျယ်ေစသာ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ကသည်းကုလားဟုန်း စော်ဘွားတို့နေရာ ဖြစ်သော မဏိပူရတိုင်း၊
၁၂။ ကလေး၊ သောင်သွပ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲ၊ မင်းတုန်းစေသာ ၂၇ မြို့တို့ ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်းဟူ၍ ဖြစ်ပေသည်။
မင်းတုန်းမင်းတရား နတ်ရွါစံပြီးနောက်တွင် ယခု တရုတ်နိုင်ငံအတွင်းရှိ ချေလီခေါ် ကျိုင်းရုံးကြီးနယ်၏ စော်ဘွားခန့် အပ်သည့်အရေးနှင့်စပ်လျဉ်း၍ ကျိုင်းတုံစော်ဘွားသည် စိတ်ဝမ်းကွဲပြားကာ မြန်မာဘုရင် သီပေါမင်းအား ထောင်ထားခြားနားသည်။ ထိုအရေးတွင် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက်စော်ဘွား တို့သည် ကျိုင်းတုံစော်ဘွားနှင့် တစ်စိတ်တစ်ဝမ်းတည်းပြု၍ ပါဝင်ကူညီကြသည်။ ထိုစော်ဘွားစုတို့သည် မင်းတုန်းမင်း၏ တူတော်တစ်ပါးဖြစ်သော လင်းပင်းမင်းသားအား နန်းတင်ရန် ရည်မှန်းခဲ့ကြသည်။ နောင်အခါ မြေလတ် နယ်အချို့ကလည်း ပူးပေါင်းပါဝသင်ည်။ လင်းပင်းအဖွဲ့သည် မိမိတို့နှင့် စိတ်ဝမ်း မညီသော ညောင်ရွှေကျေးသီး မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ်များကို တိုက်ကြသည်။ မြန်မာတပ်များကလည်း ထောင်ထား ခြားနားမှုကို လိုက်လံနှိပ်ကွပ်သော်လည်း များစွာ အေရးမလှခဲ့ပေ။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်လိုက်လေသည်။
နောင်အခါ လင်းပင်းအဖွဲ့သည်လည်း အားနည်းလာ၍ လင်းပင်မင်းသားကိုယ်တိုင် အညံ့ခံရသည်။ ခရစ် ၁၈၈၇ ခုနှစ်တွင် သံလွင်မြစ်အေနာက်လက်ရှိ ကှိး စော်ဘွားနယ်များသည် အင်္ဂလိပ်လက်အောက်သို့ ဝင်ရောက်ကြရသည်။ သံလွင်မြစ် အရှေ့ဘက်ရှိ နယ်တစ်နယ်ဖြစ်သော ကျိုင်းတုံသည် ၁၈၉ဝ ပြည့်နှစ်တွင် လက်နက်ချလေသည်။
မောက်မယ်၊ မိုင်းပန်နှင့် ကရင်နီနယ်များနှင့် စပ်လျဉ်း၍ ယိုးဒယားအစိုးရနှင့် ပြဿနာများ ပေါ်သည်။ ၁၈၈၉-၉ဝ ပြည့်နှစ်တွင် အင်္ဂလိပ်နှင့် ယိုးဒယား နှစ်ဦးနှစ်ဘက် အဖွဲ့ဝင်များ ပါဝင်သော ကော်မီရှင်တစ်ခုကို ဖွဲ့စည်း၍ ထိုနယ်များ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ကာ ယိုးဒယားမပိုင်တော့သော အပိုင်းမှ ယိုးဒယား တပ်များကို ရုပ်သိမ်းစေသည်။ ၁၈၉၄-၄၅ ခုနှစ်တွင်လည်း ပြင်သစ်ပိုင် အင်ဒိုချိုင်းနားပြည်နှင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ကာ ကျိုင်းချိုင်းနယ်အား မဲခေါင်မြစ်ကို နယ်ခြားအဖြစ် ထားပြီးလျှင် မဲခေါင်မြစ်အနောက် ဘက်ကမ်းအပိုင်းကို ကျိုင်းတုံနယ်အတွင်းသို့ သွတ်သွင်း၍ အရှေ့ဘက် ကမ်းအပိုင်းကို အင်ဒိုချိုင်းနားအတွင်းသို့ သွတ်သွင်းသည်။ ကျိုင်းတုံနယ်နှင့် တရုတ်နိုင်ငံ နယ်နိမိတ်များကို ၁၈၈၉-၉ဝ ခုနှစ်တွင် အင်္ဂလိပ်-တရုတ် နယ်နိမိတ် သတ်မှတ်ရေး ကော်မရှင်က ပိုင်းခြားသတ်မှတ်ခဲ့လေသည်။
Copyright