ထမင်းဟင်းများကို ပူပူနွေးနွေးစားရပြီး အိုးနံသင်းသင်းနှင့် ပို၍စားမြိန်ပါတယ် မီးဖိုချောင်တွင်းတွင် ပလိုင်းများ၊ ဓါးမများနှီး ဒေါင်းလန်း စကော ဝါးယက်လုပ်ထားသော ခြင်းတောင်းများ ထမင်းပေါင်းအိုးများ စသဖြင့်
အိမ်တွင်းအခန်းတွင်လည်း ခမောက် ချိတ်ထားတာတွေ သူတို့ဂုဏ်ယူရသော
သူတို့ကိုယ်တိုင်လိုက်၍ရလာသော ချိုပါသောသမင်ခေါင်းခွံ ကိုယ်တိုင်လုပ် တောင်ရှည်ဓါးများ ဒူး လေးမြား လေးဂွစသဖြင့် ချိတ်ဆွဲထားတတ်ပါတယ် ရှမ်းအိမ်ကိုအလည်လာပါက မြေအိုးဖြင့်လုပ်ထားသော ရေတကောင်းများဖြင့် ဧည့်ခံပါလိမ့်မယ်။ အိမ်လာသောဧည့်သည်ကို ဘယ်တော့မှ ဒီအတိုင်းမနှင်ထုတ်တတ်ပဲ အမြဲတမ်းထမင်းပါကျွေးပါသည်။