ရှမ်းစကားသာ ဖြစ်ပြီး မင်းမျိုးမင်းနွယ် မှူးမတ် မျိုးနွယ်မှ ဆင်းသက်လာသူ အမျိုးသားများ၏
နာမည်ရှေ့တွင် ဦး,မောင်,စိုင်း အစား "ခွန်" ဟူသော
အမည်ကိုထည့် ဆို မှည့်ခေါ်ကြပါသည်~"စဝ်"
ဆိုသော ဝေါဟာရမှာ အရှင်သခင် ဟု အဓိပ္ပာယ်ရပြီး၊
"ခွန်"ဆိုသည်မှာမင်းမျိုး မင်းနွယ် မှူးမတ်မျိုးနွယ်ဟု
အဓိပ္ပါယ်ရပါသည်
ရှမ်းပြည်တွင် (SAO)"စောင်" သို့မဟုတ် စော်ဘွားအမျိုးအနွယ်နှင့် (HKUN)ခွန် မှူးမတ်, အရာရှိ, အရာခံ အမျိုးအနွယ် ကုန်သည်ပွဲစား, ဆင်းရဲသား အမျိုးအနွယ်ဟု နာမည်ကြားရုံမျှနှင့် ခွဲခြားသိနိုင်ပါသည်။
(SAO)"စလုံး" နှင့် "ဇကွဲ" အကြားမှ ထွက်သောအသံဖြစ်၍ "စောင်ဖလုံ" ရှမ်းအခေါ် ဂျပန်ခေတ်က စ,လုံးဝ, သတ်နှင့် "စဝ်ဖလုံ" ကို ခေါ်ပြောရေးထုံးပြုလာသည်။ "စောင်ဖလုံ" သို့မဟုတ် "စဝ်ဖလုံ" ကို မြန်မာများက ခေါ်ရိုးခေါ်စဉ် ရေးရိုးရေးစဉ်အတိုင်း "စော်ဘွား" ဟုပင် ခေါ်ပြောရေးပြုကြသည်။
တနည်းအားဖြင့် စောင်-စောက် သို့မဟုတ် စဝ်•ကို မြန်မာများက အနီးကပ်ဆုံးအသံနှင့် 'စော'ဟု ခေါ်ကြသည်။ စော်ဘွားမျိုးရိုးနှင့်ရင်း
(HKUN)ခွန် ဝေါဟာရမှာ မှူးမတ်, အရာရှိ, နယ်ပိုင်, (တိုက်သူကြီး)ရာထူးရာခံရှိသ
ဆင်းရဲသားများ၏ နာမည်ရှေ့က 'ခွန်' ဝေါဟာရကို တပ်၍ မှည့်ခေါ်ရရိုးမရှိပါ။
'ခွန်' အမျိုးအနွယ်က 'စောင်' သို့မဟုတ် 'စော' ဝေါဟာရကို နာမည်ရှေ့ကထား၍ မှည့်ရရိုးမရှိသော်လည်း စော်ဘွားအမျိုးအနွယ်က နာမည်ရှေ့က 'ခွန်' ဝေါဟာရကိုထည့်၍ မှည့်လိုက မှည့်ခေါ်ကြသည်။ ဤသို့ မှည့်ခေါ်ခြင်းဖြင့် ၄င်းတို့မှာ ဂုဏ်မနိမ့်ကျဟု ယူဆကြသည်။ 'ခွန်' မျိုးက မည်သည့်အခါမျှ နာမည်ရှေ့က 'စော' ဝေါဟာရကို ထည့်၍မမှည့်ရ အကယ်၍ 'စော'ကို မှည့်လိုက 'ခွန်စော'ဟုသာ မှည့်ခေါ်ရသည်။ အကယ်၍ စောဘွားအမျိုးအနွယ်မှ ခွန်စောနာမည်နှင့်မှည့်ထားသ
" စောင်ခွန်စောင်" မြန်မာဘာသာနှင့် "စောခွန်စော" ခေါ်ကြပြန်သည်။
ရှေးရိုးအစဉ်အလာအရ စော်ဘွား သားသ္မီးများကို နာမည်မှည့်သောအခါ အများအားဖြင့် နေ့နံကိုမလိုက် သားယောကျာ်းဖြစ်လျှင် သူရသတ္တိနှင့်ပတ်သက်၍ 'စောဆေ'ဟု ကျားစိတ်ဖြင့် ဖုံးလွမ်းထားသော (ဝါ) ကျားကဲ့သို့သတ္တိရှိသောအမည် စောခွန်ဆိုင် ကျောက်သံပတ္တမြားကို အစိုးရသည့် မင်္ဂလာနှင့် ပြည့်စုံသော အမည်များကို ပေးပါသည်။
သ္မီးမိန်းမဖြစ်လျှင် နူးညံ့သော မွှေးကြိုင်သင်းပျံ့သော ပန်း သို့မဟုတ် အဓိပ္ပာယ်ပေါ်လွင်ပြီး ချစ်စနိုးရာရာများ၏ ဝေါဟာရများနှင့် တွဲဖက်၍မှည့်ကြပါသည်။ နန်း, နန်းနွန်းခံး, နန်းလုံးကြိုင်သ္မီးတော် နန်းအူဟိန်း, ထင်ရှားကျော်စောသောသ္မီးတော်